"ဆူမို" တစ်ယောက် "ပွကြီး" အိမ်ကို အလည်သွားပြီး ပြန်လာကတည်းက ကြက်တူရွေးတစ်ကောင်လိုချင်နေခဲ့တယ်..... လိုချင်ဆို "ပွကြီး" အိမ်က ကြက်တူရွေးက လူတွေပြောသမျှလိုက်ပြောတတ်တာကိုး..... ဒါနဲ့ "ဆူမို"လည်း စကားပြောတတ်တဲ့ ကြက်တူရွေးတစ်ကောင်လောက်တော့ ပိုင်ချင်လာတယ်.....
ဒါနဲ့ pet shop ကို ကြက်တူရွေး ဝယ်ဖို့ ထွက်လာခဲ့တယ်..... ဆိုင်ရောက်တော့ တွေ့ပါပြီး ကြက်တူရွေးလေးတွေ..... အဝါရယ် အစိမ်းရယ် အနီရယ် ၃ ကောင်ပေါ့.... ဒါနဲ့ အဝါလေး ယူမယ်ဆိုပြီး အရောင်းဝန်ထမ်း ကောင်မလေးကို ဈေးမေးတာပေါ့.....
"ဆူမို" : ညီမ ဒီ အဝါကြက်တူရွေးလေး ဘယ်လောက်လဲ....
"အရောင်းဝန်ထမ်း " : ဆယ်သိန်း ပါ.....
"ဆူမို" မျက်လုံးပြူးသွားတယ်..... ဘာကြောင့်ဒီလောက်ဈေးကြီးသလဲပေါ့.....
"ဆူမို" : ဈေးကြီးလိုက်တာ ဘာလို့ပါလိမ့်
အရောင်းဝန်ထမ်းကောင်မလေးက ပြန်ဖြေပါတယ်..... "ဒီ အဝါကောင်လေးက နှယ်နှယ်ရရမဟုတ်ဘူး..... စာရိုက်တတ်တယ်...... တကယ်ကို မြန်မြန်ရိုက်နိုင်တယ်....."
အော် ဒါကြောင့်ကိုး..... အဲဒါဆို အစိမ်းလေးကတော့ အရောင်က ပုံမှန်ပဲ..... ဒီကောင်လေးပဲယူတော့မယ်ဆိုတဲ့ အတွေးနဲ့ "ဒီအစိမ်းကောင်လေးကရော ညီမ" လို့မေးလိုက်တော့ တစ်ဆယ့်ငါးသိန်း တဲ့..... ခုနကမှ မျက်လုံးက ပြူးယုံပြူးတာ အခုလူက ပါ နောက်လန်ကျတော့မလို့..... အရောင်းဝန်ထမ်းကောင်မလေးကလည်း လျင်ပါတယ်..... ချက်ချင်း မမေးရသေးဘဲကို ပြန်ဖြေတာ..... "ဒီအစိမ်းကောင်လေးက အဝါကောင်လေးလုပ်တာကို လုပ်နိုင်တဲ့အပြင် ဖုန်းအဝင်အထွက်ပါဖြေကြားပေးနိုင်တယ်....." အော်..... ဒါကြောင့်ကိုး...... ပြန်ဖြေတွေးလိုက်ပြီး... ဒါဆိုရင်တော့ အနီကောင်လေးပဲယူမှနဲ့ တူတယ်..... သူ့ကြည့်ရတာ တော့ ဘာမှလုပ်တတ်ပုံမပေါ်ပါဘူးပေါ့..... ဒါနဲ့ ညီမရယ် "အဲဒါဆိုရင်တော့ အနီရောင် ကြက်တူရွေးလေးပဲဝယ်ပါတော့မယ်....." ဆိုတော့.... အရောင်းဝန်ထမ်းကောင်မလေးက "ဒီအနီကောင်လေးက တော့ သိန်းသုံးဆယ်ပါ"တဲ့..... ဒီတစ်ခါတော့ ဆူမို ဒေါသထွက်သွားတယ်....
ဘယ်နှယ့် တစ်ကောင်ထက်တစ်ကောင်ပိုပိုပြီး ဈေးကြီးနေရသလဲ ဒီကောင်ကရော ဘာတွေ လုပ်တတ်နေလို့လဲလို့ မေးလိုက်တယ်..... အရောင်းဝန်ထမ်းကောင်မလေးက ပြန်ပြီး ရည်မွန်စွာဖြေပါတယ်.... "ကျမလည်း သေချာတော့ မသိဘူးရှင့်.... ဒီအနီကောင်လေးက ဘာမှလုပ်တာတော့ မတွေ့ဘူး..... တစ်ခုပဲ..... အဝါကောင်လေးနဲ့ အစိမ်းကောင်လေးက တော့ သူ့ကို ဘောစ့်လို့အမြဲခေါ်ပါတယ်...." တဲ့.....
( အွန်လိုင်းပေါ်မှာ အင်္ဂလိပ်လို ဖတ်ဖူးတဲ့ ဟာသလေးကို မြန်မာမှုပြုကြည့်ထားတာပါ..... :D )