ဆူမို ဆိုတဲ့ ကျနော် နာမည်နဲ့လိုက်အောင် စားတယ်နော်..... မော်လမြိုင်အစားဆိုတဲ့စကား ကျနော်နဲ့ တွေ့မှ မန်းလေး အစားလို့ ပြောင်းရမယ်ထင်တယ် :) ..... ဆူမိုတို့ မန်းလေးမှာ စားစရာတွေ တော်တော်များတယ်.... ဒီတစ်ခါ ဆူမိုစားဖြစ်တာ မန်းလေး ၃၅ လမ်း နဲ့ ၆၂×၆၃ ကြားက အင်ကြင်းဆိုတဲ့ ဟော့ပေါ့ဆိုင်မှာပါ..... မန်းလေး က ဟော့ပေါ့ဆိုင်တွေအများကြီးထဲမှာမှ ဆူမို အကြိုက်ဆုံး ဆိုင်လေးပေါ့.....
အပြင်အဆင်ကတော့ တခြား ဆိုင်တွေလို ဟိတ်ဟန်မရှိ အဲကွန်း မရှိ မို့လို့ အစားအသောက်တော့ မကောင်းဘူးမထင်နဲ့.....
 |
ပုံမှာမြင်ရတာတော့ အဲဒီထဲကို ကြက်သားပြား... ဝက်သားလုံး... ငါးဖယ်လုံး... ငါးနံနံ... ကန်စွန်းဥ... ပိန်းဥ... ကြာစွယ်... ပဲရွက်.... မုန်ညင်းစိမ်း... ပဲပြားမျှင်တို့ ထည့်ပြီး ပွက်အောင်တည်နေတာပါ..... (တစ်မျိုးစီရဲ့ ပုံကို မရိုက်ဖြစ်ခဲ့တာကို တော့ ဆူမို့ကို ခွင့်လွှတ်ကြပါနော်...(ကျနော် ဗိုက်အရမ်းဆာနေတော့ ဓာတ်ပုံလေးတွေ အများကြီး ရိုက်မလာခဲ့ရဘူး :P ) |

အဲဒီဆိုင်က ဖက်ထုပ်ကြော်က တော့ ဆူမို အကြိုက်ဆုံးပဲ.... အင်းကြင်းဟော့ပေါ့ကို ရောက်ရင် ဖက်ထုပ်ကြော်လေး စားရင် ဟော့ပေါ့ ပွက်လာတာကို စောင့်ရတာကို က အရသာတစ်မျိုးပဲလေ.... ဝက်သားလုံး ကလည်း တခြားဆိုင်တွေလို ဝက်သားလုံး ဂျုံနယ် မဟုတ်ဘူး... ဝက်သားကို သေချာ ဓားနဲ့ ပေါက်ပြီး လုံးထားတာ စားလို့ ကောင်းမှကောင်း... ပုစွန်ကွေး ငါးနွေးဆိုတဲ့ အတိုင်း ပဲ ငါးမြင်းသားလေးကိုတော့ ဟော့ပါ့အိုး ပွက်လို့ စားနေရင်းနဲ့မှ တစ်ဖတ်ခြင်း ထည့်ပြီး စားရတာကိုက စိမ့်နေအောင် ကောင်းတာမလား.... ပဲပြားမျှင်လေးကို အချဉ်လေး တို့စားလိုက် အရွက်လေးတွေစားလိုက် ပြီးတော့ အချဉ်က စားရင်း နည်းနည်း စပ်လာတော့ ကန်စွန်းဥလေးဝါးလိုက်တော့ ချိုသွားပြန်ရော.... ဟင်းရည်လေး သောက်လိုက်တော့ ပူပူလေးနဲ့ ရှလွတ်ရှလွတ်...... စားရင်းသောက်ရင်း ဟင်းရည်လိုရင် ဟင်းရည်လေး ထပ်ဖြည့်ကြတာပေါ့.... ဆူမိုကတော့ ဟင်းရည်ထပ်ဖြည့်လည်း နည်းနည်းပဲဖြည့်တယ်.... ဘာလို့ဆို... ဟင်းရည်ဆိုတာမျိုးက အရည်ကျလေ သောက်လို့ အရသာကောင်းလေမလား.... :) ..... ငုံးဥလေးနဲ့ ငါးနံနံကိုလည်း ချန်ထားခဲ့လို့မရဘူး.... စိမ့်စိမ့်ချိုချိုလေးနဲ့ ငါးနံနံမှာ နံနံပင်လေးပါတော့ မွှေးကလည်း မွှေးမွှေးလေးဆိုတော့ စားရတာလွှတ်ကောင်း..... စားရတာကောင်းလွန်းတော့ စားပြီးရင်းစားချင်.... အစာအိမ်ကလည်း ကန့်သတ်ချက်လေးနဲ့ဆိုတော့ ဗိုက်ပြည့်ကြောင်းဦးနှောက်ကို အချက်ပြလာတာနဲ့ ဆူမို က အစားပိတ်လေး စားတတ်တဲ့ အကျင့်ရှိတယ်.... အင်းကြင်းဟော့ပေါ့မှာ ဆိုရင်တော့ ဆူမိုက ကြာဇံပြုတ်အလွတ်လေးကို အချဉ်ရည်လေးနဲ့ နယ်စားရင်း အရည်ကျလာတဲ့ ဟော့ပေါ့ရည်လေးကို သောက်ရင်း ဗိုက်ပြည့်ကားလာတဲ့ အရသာ ကို ခံစားတတ်တယ်လေ.....
(အခုတော့ ရေးရင်းနဲ့ စားချင်လာလို့ ဘေးမှာရှိတဲ့ water cooler ကရေကိုပဲ တစ်ခွက်ပြီး တစ်ခွက်သောက်နေမိတော့တယ်....)
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်းဆုတောင်းလိုက်ပါတယ်နော်....
No comments:
Post a Comment